အသက်မသေခင် အလှူလုပ်ချင်လို့ ခဏခဏ လာမဖမ်းပါနဲ့လို့ ပြောလာတဲ့ ပေါင်မုန့်ရောင်းတဲ့ ဖွားဖွား

Posted on

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
ယနေ့လူမှုပတ်ဝန်းကျင်မှာ ရှင်သန်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ကုန်ဈေးနှုန်းတွေဟာလည်း ငွေရှာနေရသူ အဖို့မှာတော့ တကယ့်ကို လိုက်မမှီတဲ့ လေယာဉ်ကြီး တစ်စင်းလိုပါပဲ။ ဒီလိုခေတ်ကာလကြီးမှာ ရှင်သန်နေကြတဲ့ လူတွေအထဲမှာ ဘဝကို ရုန်းကန်နေရတဲ့ အဖွားအို တစ်ဦးလည်း ရှိပါတယ်။ သူမကတော့ မဟာဗန္ဓုလမ်းမကြီး ၃၂ လမ်းထိပ်က ပေါင်မုန့်သည်အဖွားအိုပါပဲ။ သူမ နာမည်ကတော့ ဒေါ်သန်းသန်း လို့ခေါ်ပါတယ်။ သူမဟာ ဒီပေါင်မုန့်လေးတွေကို ရောင်းဖို့ အတွက် ငွေ ၂ သိန်းကို လည်း ချေးငှားထားရတာလို့ ဆိုပါတယ်။ ဒီလို မုန့်လေးရောင်းနေရင် လမ်းဘေးဈေးသည်တွေ ဖမ်းတဲ့အထဲ ခဏခဏ အဖမ်းခံရတယ်လို့ ငိုပြီးတော့ ပြောရှာပါတယ်။

သူမဟာ ကျောတစ်ခင်းစာနဲ့ ဆေးစားရိတ်၊ ဝမ်းရေးအတွက်ကို ဒီလိုဖြေရှင်းနေရတာဖြစ်ပါတယ်။ ဒ့ါအပြင် သူမမှာ မွန်မြတ်တဲ့ စိတ်ထားလေးကလည်း ရှိနေပြန်ပါတယ်။ ဒါကတော့ အသက်မသေခင်မှာ လှူခြင် တန်းခြင်တဲ့ ရည်မှန်းချက်လေးကလည်း ရှိနေပါတယ်။ သူမဟာ စာမတတ်တာကြောင့် ဒီအလုပ်ပဲ လုပ်ဖို့ ရှိတယ်လို့ ဆိုပြန်ပါသေးတယ်။

ဒေါ်သန်းသန်းတစ်ယောက် ဒီလမ်းမကြီးထက်မှာ ဖမ်းမယ့်လူတွေကို ပုန်းလိုက်၊ သူမထံမှာ ဈေးလာဝယ်မယ့်လူတွေကို မျှော်လိုက်နဲ့ တစ်နေတာအချိန်ကို ဖြတ်သန်းနေရပါတယ်။ ပရိတ်သတ်ကြီးရေ အဖွားကို အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရှုလိုက်ပါဦးနော်။ ပရိတ်သတ်ကြီးလည်း ဒီလမ်းမကြီးကို ရောက်ရင် အဖွားကိုလည်း အားပေးသွားကြပါဦးလို့ တိုက်တွန်းးပါရစေ။ အဖွားလည်း ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်နော်။
Writer- ME(Shwe Yaung Lan)
Video Source : The Myanmar Times