အသားမဲတယ် ပြောလို့ ဟင်းချက်ကျွေးပြီး အဆိပ်ခတ်သတ်ပစ် လိုက်တဲ့ အမျိုးသမီး

Posted on

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမရမည့်အစား အမြဲတမ်းဝေဖန်တိုက်ခိုက်တတ်သူတြွေဖစ်တယ်လို့ ပညာရှင်အချို့ကဆိုပါတယ်။ ကိုယ်အသားဖြူရင် အသားမဲသူကိုလှောင်တယ် ၊ ကိုယ်က အရပ်ရှည်ရင် အရပ်ပုသူကိုလှောင်တယ် ၊ ကိုယ်ကချမ်းသာရင် ဆင်းရဲသူကိုလှောင်တယ်။ တစ်ပါးသူရဲ့ စိတ်ခံစားချက်ကို ဖေးမရမည့်အစား ဖယ်ကျဉ်သွားအောင် တိုက်ခိုက်လေ့ရှိကြပါတယ်။အားနည်းသူကိုတွေ့ရင် စရမည့်သတ္တဝါကိုတွေ့သလို စနောက်တတ်ကြတာတွေဟာလည်းလူတွေပါပဲ။

အခုလည်း အိန္ဒိယနိုင်ငံမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက မိသားစုတစ်ခုလုံးကိုအဆိပ်ခပ်သတ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်း မဟာရတ်ရ်ှထာပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ (၅) ဦး သေဆုံးခဲ့ရပြီး သေဆုံးမှုထဲမှာ ကလေးငယ် ၄ ဦးလည်းပါဝင်နေပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါမှာတော့ မိသားစုဝင်တွေဟာ သူ့ကိုအသားမဲတယ် ၊ ဟင်းချက်မကောင်းဘူးရယ်လို့ အမြဲတမ်းစနောက်ပြီး နှိမ်ခဲ့တာကြောင့် နာကျည်းစိတ်နဲ့ အခုလို အဆိပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခပ်တာကတော့ မိသားစု စားသောက်ပွဲတစ်ခုမှာ စားစရာတွေထဲကို ပိုးသတ်ဆေးတွေထည့်ပြီးတော့ လက်တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် တစ်ပါးသူ မခံနိုင်တဲ့ အရာတွေကို သတိထားပြီးစနောက်နိုင်ကြစေဖို့နဲ့ ဒီဖြစ်ရပ်လေးကို အတုယူပြီး အကျီစားသံ ရန်များဆိုသလို မပြုကြဖို့ သတိရှိမိစေဖို့ တင်ပြလိုက်ပါတယ်နော်။