မိဘက ဆင်းရဲပေမယ့် ဘယ်သူ့ အကူအညီမှ မယူဘဲ အမှိုက်ကောက် ပန်းကန်ဆေးပြီး ဘွဲ့ရအောင် ကြိုးစားပြခဲ့သူ

Posted on

နိုင်ငံကျော် မိုက်ခရိုဆော့ ကုမ္မဏီကိုတည်ထောင်ခဲ့တဲ့ ဘေးဂိတ်လ် ရဲ့ အဆိုတစ်ခုကို ကြားဖူးကြမှာပါ။ အဲ့တာကတော့ “ခင်ဗျား ဆင်းဆင်းရဲရဲ မွေးဖွားလာတာ ခင်ဗျား အပြစ်မဟုတ်ဘူး။ ဒါပေမယ့် ဆင်းဆင်းရဲရဲ သေဆုံးသွားတယ်ဆိုရင်တော့ ခင်ဗျား အပြစ် ဖြစ်တယ်” ဆိုတာပါပဲ။ အရမ်းမှန်ပါတယ်နော်။ ကျွန်တော်တို့ဟာ မွေးဖွားတဲ့အခါသူဌေးဝမ်း ဝင်စားမယ် ၊ ဆင်းရဲသား ဝမ်း ဝင်စားမယ်လို့ ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။

ပြီးတော့ အခု ချမ်းသာသူတိုင်းကလည်း သူဌေးဝမ်းမှာ ဝင်စားသူများမဟုတ်ကြပါဘူး။ဒါကြောင့် ပင်ကိုယ်ကြိုးစားအားထုတ်မှုကသာ မိမိဘဝကိုတည်ဆောက်နိုင်တယ်ဆိုတာအမှန်ပါပဲ။ ဆင်းရဲတဲ့ ဘဝဆိုပြီး ထိုင်ပြီး ညည်းညူနေရုံမျှနဲ့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ မိဘတွေကလည်း အစွမ်းကုန် ဖြည့်တင်းပေးရမှာဖြစ်သလို ၊ သားသမီးတွေကလည်း အစွမ်းကုန်ကြိုးစားကြရမှာပါ။ မိဘက ဆင်းရဲရှာတဲ့ Nong Pao or Mr. Thiraphong Sungsaeng တစ်ယောက်ဟာ ဘဝကို ဖြစ်သလို မရုန်းကန်ပဲနဲ့ သူ့ရဲ့အချိန်တွေကို စနစ်တကျ အသုံးချပြီး အလုပ်လုပ်ခဲ့ တာကြောင့် သြဂုတ်လ ၁၀ ရက်နေ့မှာ ဘွဲ့တစ်ခုကိုအောင်မြင်စွာယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာဆိုရင် အချိန်အားရင် ပန်းကန်ဆေးတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်သလို ၊ အချိန်ပိုင်း အခြားအလုပ်များစွာကိုလည်းလုပ်ကိုင်ပြီးတော့ သူ့ရဲ့ပညာရေးအတွက် လိုအပ်တဲ့ ငွေကြေးကိုရှာဖွေပြီးတော့ ပညာရေးဆုံးခန်းတိုင်အောင် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ သူဟာဘွဲ့ရပြီးနောက် လက်ရှိမှာတော့ Wang Chomphu က မြို့တော်စည်ပင်မှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝကို ဆင်းရဲနုံချာလှတယ်ဆိုပြီးတော့ ယိုးမယ်ဖွဲ့မနေပဲနဲ့ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စရာအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)