အမိူက်တစ်စ မှ မရှိတဲ့အပြင် မူးယစ်ဆေး အရက်လုံးဝ သောက်ခွင့်မရှိတဲ့ မြန်မာနိုင်ငံက ရွာကလေး

Posted on

မြန်မာနိုင်ငံမှာ အမှိုက်ကင်းစင်နယ်မြေ ၊ စံပြကျေးရွာရယ်လို့ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့ကြပေမယ့် တကယ်တမ်းကြတော့ ဆိုင်းဘုတ်တွေ ထောင်ထားပေမယ့် အမှိုက်ပစ်သူတွေက ပစ်ကြတာပါပဲ။အဝေးကြီး မကြည့်ပါနဲ့ ပြည်သူ့ဆေးရုံတွေကို သွားကြည့်တာနဲ့ သိသာမြင်သာပါတယ်။

ဒါပေမယ့် အများစုထဲက ကွဲပြာစွာရှိနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ အဲ့တာကတော့ ဆင်နက်ချောင် ဆိုတဲ့ ရွာကလေးပါ။ တစ်ရွာလုံးမှာ အမှိုက်ဆိုတာ ဘယ်လိုဟာလဲလို့မေးယူရလောက်အောင် သန့်ရှင်းသပ်ရပ်လှတဲ့ ကျေးရွာလေးဖြစ်ပါတယ်။ ဘာကြောင့်အခုလို ဖြစ်တာလဲ ဆိုတော့။ အုပ်ချုပ်သူ ကောင်းလို့ဖြစ်တဲ့အပြင် ၊ ရွာသူရွာသားတွေက ပူးပေါင်းဆောင်ရွက်လို့ ၊ ပူးပေါင်းဆောင်ရွက်ချင်အောင်လည်း အုပ်ချုပ်တတ်လို့ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ အပြင်ပမ်းပါ.။ တကယ်တမ်းက အမှိုက်ကင်းရုံသာမကပဲနဲ့ မူးယစ်လည်း ကင်းစင်ပါတယ်။ သူတို့ရွာမှာ တစ်ရွာလုံးသဘောတူညီမှုနဲ့ ရွာလူကြီးက ချမှတ်ထားတဲ့ စည်းကမ်းက အသက် (၁၈) မပြည့်သူကို ကွမ်းဆေးလိပ် အရက်လုံးဝ ရောင်းချခွင့်မပြုပါဘူး။ ဈေးဆိုင်တွေကလည်း ခိုးမရောင်းပါဘူး။ ဒါမျိုး တစ်နိုင်ငံလုံးဖြစ်သင့်တယ်။

နောက်တစ်ခုရှိပါသေးတယ်။ အဲ့တာကတော့ ရွာထဲမှာ အမဲဖြတ်ခွင့် မပြုထားတာပါပဲ။ဒုစရိုက်မှု ၊ ရာဇဝတ်မှုဆိုတာလည်း ကင်းပြီး တော်တော်လေး အံ့သြစရာကောင်းတဲ့ရွာဖြစ်ပါတယ်။ ဒီရွာကတော့ ရွာငံမြို့နယ်မှာ ရှိတယ်လို့ သိရပါတယ်။. ပရိသတ်ကြီး ဗဟုသုတ အဖြစ် တင်ဆက်ပေးလိုက်ပါတယ်နော်။