၃၆၅ ရက် တိတိ ဖုန်းလုံးဝ မသုံးဘဲ နေနိုင်တဲ့ လူကို မြန်မာငွေ ( သိန်းပေါင်း ၁၅၀၀ ) ပေးမယ့် အစီအစဉ်

Posted on

ခေတ်မှီတိုးတက်လာတဲ့ လူမှုပတ်ဝန်းကျင် တစ်ခုမှာ Smart Phone ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ လူ့ဘဝရဲ့ သက်တမ်းတော်တော်များများဟာ ဒီ Smart Phone က နေရာယူထားတယ်ဆိုတာ မမှားပါဘူး။ မနက်မိုးလင်းအိပ်ယာထကနေ ည အိပ်ချိန်အထိကို သူဟာ မပါမဖြစ်တဲ့ ဘဝအစိတ်အပိုင်း တစ်ခုဖြစ်လာခဲ့ပါတယ်။ တကယ်လို့ သင်ဟာ ဒီ Smart Phone ကို မသုံးဘဲ နေနိုင်လားလို့မေးရင် ဖြေကြပါလိမ့်မယ်။ နေနိုင်ပါတယ်လို၊ သို့ပေမယ် အချိန်ဘယ်လောက်ထိ နေနိုင်မလဲဆိုတာ သင် စဉ်းစားမိမှာမဟုတ်ပါဘူး။ Smart Phone လူတွေအတွက် အရေးပါအရာရောက်သလို၊ စွဲလန်းစေတဲ့ မူးယစ်ဆေးကြီးဆိုလည်း မမှားပါဘူး ။

အခုဆိုရင် Vitamiwater က ဒီ Smart Phone ကို တစ်နှစ်ပတ်လုံး လုံးဝ အသုံးမပြုပဲနေနိုင်ခဲ့ရင် ဒေါ်လာ ၁ သိန်း ဆုချဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ မိမိဘဝရဲ့အချိန်တွေမှာ ပါဝင်ပတ်သတ်နေတဲ့ Smart Phone ကို အသုံးမပြုဘဲ တစ်နှစ်ပတ်လုံး နေဖို့ဆိုတာ အတော်ကို ခက်ခဲမယ်လို့ ထင်ပါတယ်။

အဆိုပါ စိန်ခေါ်မှုကို ပြုလုပ်ခဲ့တဲ့ Vitamiwater ကတော့ Smart Phone ကို သာ အသုံးမပြုယုံဘဲဖြစ်ပါတယ်။ တခြား ဆက်သွယ်မှုအတွက် Keypad Phone ကို အသုံးပြုခွင့်ပေးမှာဖြစ်သလို၊ Computer နဲ့ Laptop ကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။ ဒါဟာ အခွင့်အရေးဖြစ်ပေမယ့်လည်း Smart Phone ကို အသုံးမပြုဘဲ တစ်နှစ်ပတ်လုံးနေနိုင်ဖို့ဆိုတာ ကမ္ဘာပေါ်မှာ အခက်အခဲဆုံး အလုပ်လို့ ဆိုရမှာပါပဲ။

ပရိတ်သတ်ကြီးရေ သင်ရော ဒီ Smart Phone ကို အသုံးမပြုဘဲ တစ်နှစ်ပတ်လုံး နေနိုင်ပါ့မလား ……………?