အိန္ဒိယနဲ့ ပွဲစဉ်မှာ ထပ်မံ အနိုင်ရရှိသွား ပြန်တဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

Posted on

မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင်တစ်ဦးဖြစ်တဲ့ ကြက်တောင် အားကစားမယ်လေးသက်ထားသူဇာကတော့ လက်ရှိမှာလည်း မြန်မာပြည်သူလူထုတွေအတွက် ပျော်ရွှင်စရာ သတင်းလေးတစ်ခုကို ထပ်မံဖန်တီးပေးလိုက်ပြန်ပါပြီ။အဲ့ဒီဝမ်းသာစရာ သတင်းလေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ပြိုင်ပွဲကြီးမှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

သက်ထားသူဇာဟာ “INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019” ပြိုင်ပွဲကြီးကိုတော့ ဒီနေ့ ပထမပွဲစဉ်မှာ အိန္ဒိယနိုင်ငံကိုယ်စားပြု ကစားသမားဖြစ်တဲ့ IRA SHARMA ကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့် ကို တက်လှမ်းသွားနိုင်ခဲ့တာလို့ သိရှိရပါတယ်။ဒုတိယအဆင့်ပွဲစဉ်ကိုတော့ မနက်ဖြန် နိုဝင်ဘာလ (၂၂)ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

ဒုတိယအဆင့်ပွဲစဉ်မှာလည်း အိန္ဒိယနိုင်ငံရဲ့ ကစားသမားဖြစ်တဲ့ Tanvi Lad နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အားပေးကြဖို့ကိုလည်း သက်ထားသူဇာကတောင်းဆိုထားပါသေးတယ်။သက်ထားသူဇာဟာဆိုရင် ကြက်တောင်အားကစားနည်းနဲ့ ရွှေတံဆိပ်ဆုတွေကို အရယူပေးနေပြီးနိုင်ငံဂုဏ်ဆောင်ထားနိုင်ခဲ့တာကြောင့် အခုပြိုင်ပွဲကြီးမှာလည်း ရွှေတံဆိပ်ဆုကြီးကို အရယူနိုင်ဖို့ ပရိသတ်ကြီးက သက်ထားသူဇာအတွက် အားပေးစကားလေးတွေပြောသွားပေးပါဦး။